အစာမရှိတဲ့ ၀မ်းဟောင်းလောင်းနဲ့အလောင်းလေး တွေကြား  
 အစာမရှိတဲ့ ၀မ်းဟောင်းလောင်းနဲ့ 
သားပျောက်လင်ဆုံး အမေဟာ
 ရှာနေသတဲ့ 
မျက်ရည်တွေနဲ့............။
 မျက်ရည်တွေနဲ့..... ။ 
 ရေသောက်စရာမရှိတဲ့သူ့မှာ............... 
သူ့ မျက်လုံးထဲက မျက်ရည်ပူတွေနဲ့.....။ 
သူ့ မျက်လုံးထဲက မျက်ရည်ပူတွေ ကြားမှာ
 ငါ့သားလေးများ ပါမလား...............
ငါ့သားလေးများပါမလားနဲ့ .... 
လဲပြိုကျသွားခဲ့ရတယ်...။
သူကိုယ်တိုင် 
မျက်ရည်စတွေကြွေလို့
ဆုံးပါးသွားရပြန်ပေါ့.............။
ကိုမွှေး
မုန်တိုင်းဘေးတွင်အသက်ရှင်ကျန်နေသေးသော်လည်း မျှော်လင့်ချက် ပါးလျနေရသည့်  ဒုက္ခသည်များ အတွက်ရေးဖွဲ့ ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment